မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ
Feb 03,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ မြေပြင်ကွင်းဆင်းကြီး ကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ ရက်နေ့က ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါပြီး မိတ္ထီလာမြို့နယ်၊ ကန်နီကျေးရွာနှင့် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ရွာရှည်ကျေးရွာနှင့် ကျွတ်ကန်ကျေးရွာတို့ရှိ တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။