သတင်းများ

ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ
Feb 02,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီအခက် အခဲမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက ကန့်ဘလခရိုင်စုပေါင်းရုံး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Feb 02,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
တွံတေးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Feb 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီ အချိန်က တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဘိုကလေးမြို့နယ်၌ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပ
Feb 02,2025
၂၀၁၇ ခုနှစ်မှစတင်၍ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် “အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ ဝိနယာဓိကစာမေးပွဲ ကျင်းပ
Feb 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝိနယာဓိက စာမေးပွဲကို အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့နေ့လယ် ၁၂ နာရီတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ထားဝယ်တက္ကသိုလ်၌ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Feb 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာရှိ သစ်မွှေးစိုက်တောင်သူများအား သစ်မွှေးစိုက်ပျိုထုတ်လုပ်မှုအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်
Feb 02,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သစ်မွှေးစိုက်တောင်သူများအား သစ်တောဦးစီးဌာနက သစ်မွှေးစိုက်ပျိုးထုတ်လုပ်မှုအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွှဲ ၁ နာရီက မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်းရှိ ကျွန်းရွှေစင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး 
Feb 02,2025
ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ မြစ်ကြီးနားယူနန်ဘုံကျောင်း တရုတ်လူငယ်များက ပူးပေါင်းစီစဉ် ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။