သတင်းများ

ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ
Sep 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပခဲ့သည်။
မန္တလေးမြို့တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Sep 30,2024
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မန္တလေးမြို့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ၇က်နေ့ မွန်းလွဲ ၂ နာရီက မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
ထားဝယ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (ထားဝယ်၊ လောင်းလုံး) မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 30,2024
နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (ထားဝယ်၊ လောင်းလုံး)မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)၌ဖွင့်လှစ် သင်ကြားလျက်ရှိရာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံရှိ မြို့တော်ခန်းမအတွင်း၌ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့စမ်းသပ်ကွင်းဆင်း ကောက်ယူ
Sep 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းသားများက မြေပြင်လက်တွေ့ စမ်းသပ်ကွင်းဆင်း ကောက်ယူခြင်းကို စက်တင်ဘာလ ၂၈ နံနက်ပိုင်းက မြို့သစ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်လွဲ(၃)နာရီက အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေး
Sep 30,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်မြင့်ကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (ပထမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။