ထမ္မနိုင်-ကျွဲလူးအိုင်တံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Feb 02,2025
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေပြီး ထွက်ကုန်များအချိန်နှင့် တစ်ပြေးညီ ဈေးကွက်သို့ ရောက်ရှိစေရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဌာနမှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ထမ္မနိုင်-ကျွဲလူးအိုင်တံတား (၆၀)ပေတည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးအေးခိုင်မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။