ကန့်ဘလူ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့တိုက်ကျွေးရာတွင် အသက်ခြောက်လမှ တစ်နှစ်ထိကလေးငယ်များကို ဗီတာမင်အေ တစ်သိန်းယူနစ်ကိုလည်းကောင်း၊ အသက်တစ်နှစ်မှ ငါးနှစ်ထိကလေးငယ်များကို ဗီတာမင်အေ နှစ်သိန်းယူနစ်ကိုလည်းကောင်း တိုက်ကျွေးပေးခဲ့ရာ စုစုပေါင်း ၅၂၇ ဦးတို့ကို တိုက်ကျွေးပေးခဲ့ကြောင်းနှင့်ကျန်ကလေးငယ်များကိုလည်း ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကလေးငယ်များ အာဟာရပြည့်ဝစွာရရှိရေး ကလေးအာဟာရမှုန့်တိုက်ကျွေး နိုင်ရန်အတွက် Vitamin and Mineral Pounder (ဗီတာမင်နှင့်မင်နရယ်ပေါင်ဒါ) နှစ်ဘူးစီကို အသက် ၆ လမှ ၅၉ လအထိ ကလေးငယ်များအတွက် ပေးအပ်ခဲ့ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)