သတင်းများ

နေပြည်တော်ကုသရေးဦးစီးဌာန၊ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ
Sep 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ခါးပြတ်ကျေးရွာ အောင်စည်သာဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများသည် ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။
မင်းတုန်းမြိုတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်သူက သန်းခေါင်စာရင်းဆိုင်ရာကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
မြိတ်မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက်သင်တန်း စက်တင်ဘာ(၂၈)ရက်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့၌ အထူးကုသမားတော်ကြီးများပါဝင်သည့် ကုသရေးအဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် ကွင်းဆင်းကုသမှုဆောင်ရွက်
Sep 30,2024
ရှမ်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဦးဆောင်၍ အထူးကုသမားတော်ကြီးများပါဝင်သည့် ကုသရေးအဖွဲ့သည် ရေဘေးသင့်ပြည်သူများအတွက် ကွင်းဆင်းကုသမှုဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၁၀)နာရီက ညောင်ရွှေမြို့ ရွှေရေကျဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Sep 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြုလုပ်
Sep 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်နေ့ ညနေက အခြေခံပညာအထက်တန်းကျောင်း (ဘုတ်ပြင်း) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်၌ မြို့နယ်အဆင့် သန်းခေါင်စာရင်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ မြို့နယ်အဆင့်၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ် သမိုင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်၌ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများမှ လက်တွေ့ကွင်းဆင်း ကောက်ယူခြင်း ဆောင်ရွက်
Sep 30,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်‌ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ (၁၇)ရက်နေ့က အမှတ်(၂၆)၊ အခြေခံပညာ အထက်တန်းကျောင်း၊ တ‌ကောင်းသစ္စာခန်းမတွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများက မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်လက်တွေ့ကောက်ယူခဲ့ကြကြောင်း သိရသည်။