ဝမ်းတွင်း ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ မြေပြင်ကွင်းဆင်းကြီး ကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ ရက်နေ့က ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါပြီး မိတ္ထီလာမြို့နယ်၊ ကန်နီကျေးရွာနှင့် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ရွာရှည်ကျေးရွာနှင့် ကျွတ်ကန်ကျေးရွာတို့ရှိ တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ကန်နီကျေးရွာ၌ နွေစပါး ၇၅ ဧက စိုက်ပျိုးမည့်ဒေသခံ တောင်သူများနှင့်တွေ့ဆုံပြီး ဝန်ကြီးကအဖွင့်အမှာစကားပြောရာတွင် မိတ္ထီလာခရိုင်အား စံပြခရိုင်ဖြစ်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသောကြောင့် တောင်သူများနှင့်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တောင်သူများက နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ပေးရန်နှင့်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တောင်သူများက လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးကြရန်ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးမြေပြင် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်များကို ဆွေးနွေးခဲ့ပြီး တောင်သူများ၏အခက်အခဲတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝမ်းတွင်းမြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင် များလိုက်ပါ၍ မြေတိုင်ကန်ကျေးရွာသို့ ရောက်ရှိကာ နွေနှမ်းဧက(၁၀၀)၊ ပဲတီစိမ်းဧက(၂၀)စိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသောကြောင့် တောင်သူများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တောင်သူများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ပေးရန်နှင့်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တောင်သူများက လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်ပြောကြားသည်။ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နွေနှမ်းသီးနှံ၊ ပဲတီစိမ်း သီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် တောင်သူများ၏ အခက်အခဲတင်ပြချက်များအပေါ် ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရွာရှည်ကျေးရွာသို့ရောက်ရှိကာ ရွာရှည်ကျေးရွာနှင့် ကျွတ်ကန်ကျေးရွာရှိနွေစပါးဧက (၂၀၀) စိုက်ပျိုးမည့် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)