အင်းစိန် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားရရှိပြီးစာဖတ်ရှိန် ပိုမိုမြင့်မား လာစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus)ဖြင့် ဝန်ထမ်းများ၊ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအရောက် စာအုပ်များ သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် အမက(၁)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများထံသို့ သွားရောက်ပြီး သုတ/ရသ စာအုပ်၊စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် စာအုပ်များငှားရမ်းဖတ်ရှု့သူများ အဆင်ပြေ စေရေးအတွက် စာဖတ်သူအကြိုက် စာအုပ် စာစောင်များကို နှစ်ပတ်တစ်ကြိမ် သွားရောက် ငှားရမ်းပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အထူးသဘောကျ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။
အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသ၊မဂ္ဂဇင်း၊ ဝတ္တု၊ရုပ်ပြစာအုပ်များပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များကို လက်ခံရယူခဲ့ကြပြီး ဆက်လက်ငှားရမ်းပေးခဲ့ရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)