ဒဂုံအရှေ့ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗဟုသုတတိုးပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ယမန်နေ့က အမှတ်(၁၁)ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ အသိပညာပေး ဟောပြောရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးတို့ကို ဟောပြောဆွေးနွေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများခြင်းများ ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ