ရန်ကုန်တိုင်းဒေသကြီး၌ အတက်ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 05,2025
ရန်ကုန်တိုင်းဒေသကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသည့် “မြန်မာနိုင်ငံအတက်ရောဂါစီမံချက်”မှ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်(၁၂)မြို့နယ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် “အတက်ရောဂါစီမံချက်အကြောင်း အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနား” ကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။