မိုင်းဖြတ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်းရပ်ကွက်၊ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက မြို့နယ်အုပ်ချုပ်ရေးမှူးအား အလေးပြုခဲ့ကြပြီး အားကစားသမားများက အားကစားအဓိဋ္ဌာန်ကို ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများကို နယ်မြေခံတပ်ရင်းမှ အရာရှိကြီးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အ.ထ.က(မိုင်းဖြတ်)မှ (Grade-11)ကျောင်းသား၊ ကျောင်းသူများက မြန်မာ့သိုင်းဖြင့် သရုပ်ပြသခဲ့ကြသည်။
ဆက်လက်၍ ဘောလုံးပြိုင်ပွဲကိုကျင်းပရာ ဌာနဆိုင်ရာအသင်းနှင့် ဟိုနား(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဟိုနား(ခ)အသင်းက ဌာနဆိုင်ရာအသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ရပ်ကွက်နှင့်ကျေးရွာများမှ ဌာနဆိုင်ရာအသင်း၊ ဟိုနား(က)(ခ)၊ ဝမ်မိုင်၊ ဈေးတန်း၊ မိုင်းဟဲ၊ ဟာကျားမုဒိအသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)