သတင်းများ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့တက်ရောက်
Feb 05,2025
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီး ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော
Feb 05,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၊ အ.မ.က(နမ့်ကုန်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်း(နမ့်ကုန်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပါသည်။
ဘီးလင်းမြို့၊ အ.မ.က(ရွှေလှေ)တောင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Feb 05,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ၊နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က(ရွှေလှေ)တောင်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Feb 05,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ လားရှိုးပညာရေးဒီဂရီကောလိပ်၏၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Feb 05,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အ.မ.က(ကန်ဖြူ)‌ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မကွေးမြို့တွင် ကျောင်းနေအရွယ် ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ ချက်ပြုတ်ကျွေးမွေး
Feb 05,2025
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ကျွေးမွေးခြင်း(ဒုတိယအကြိမ်)ကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။