နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာအရေးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

နတ်မောက်  ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာအရေးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတ ကြွယ်ဝသည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန်နှင့် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အထက်တန်းဆင့် ကဗျာအရေးပြိုင်ပွဲကိုကျင်းပရာ အထက်တန်းအဆင့်ကျောင်းသား/သူများက “ငြိမ်းချမ်းစည်ပင် ပြည်ထောင်တစ်ခွင် သာယာလှပ လူမှုဘဝ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  အလယ်တန်းအဆင့် ကျောင်းသား/သူများက “ပြည်ထောင်အမွေ ကမ္ဘာတည်စေ” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။  ထို့နောက် နေ့လယ် (၂)နာရီအချိန်၌ “ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး တိုင်းရင်းသား အားလုံးဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကိုကျင်းပရာ မူလတန်းအဆင့်ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း(အောင်ဆန်း)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခ)အိုးဘို၊ အလယ်တန်းကျောင်း(တမာပင်)မှ ကျောင်းသား/သူများဝင်ရောက်ဖြေဆိုကြပြီး ပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၅-ခုနှစ်၊ဖေဖော်ဝါရီ (၁၂)တွင် ကျင်းပမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း