သတင်းများ

ပန်းတ‌နော်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ မြတ်စက်သုံးဆီ အရောင်းဆိုင်နှင့် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မီးဘေးလုံခြုံရေး စစ်ဆေးခဲ့သည်။
ချောင်းဆုံမြို့နယ်၌ သစ်တောထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
Feb 04,2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်လာ၍ သဘာဝသစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရေးအတွက် မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မုနိုင်းကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကျင်းပ
Feb 04,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကျပန်းပြိုင်ပွဲ ပြုလုပ်
Feb 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 04,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက အုန်းနှဲကျေးရွာ၊ (PRO-5)ဖူဆယ် အားကစားကွင်း၌ ကျင်းပခဲ့သည်။
ကျွန်းစုမြို့၌ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ
Feb 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က (ခွဲ) ကတန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Feb 04,2025
အမရပူရ​​မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသားလူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်များ ထက်မြက်မှန်ကန် မြင့်မားစေရေး ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနား ကျင်းပ
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနားအား ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ သိပ္ပံတွဲနှင့် ဝိပ္ပံတွဲဘာသာရပ်များအားလည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း သင်ကြားပို့ချသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။