သတင်းများ

ဥတ္တရသီရိမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 26,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပိုးစာတောကျေးရွာနှင့် သဲကျွန်းကျေးရွာ အတွင်းရှိဒေသခံ ပြည်သူများ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်တွင် ဆန္ဒမဲစာရင်းများစစ်ဆေး
Aug 26,2020
၂၀၂၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့တွင် မဲဆန္ဒရှင်စာရင်းစစ်ဆေးလျက်ရှိရာ ကျောက်ထု မြို့ ဂုံဘိုရပ်ကွက်ရှိ မဲဆန္ဒရှင်စာရင်းအဖွဲ့ကော်မတီဝင် ဦးကျော်မိုး ဦးဆောင်သည့်အဖွဲ့က မဲစာ ရင်း မှန်ကန်မှုရှိမရှိ ဂုံဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ဆန္ဒမဲအမည်စာရင်းများ စစ်ဆေး ကြသည်။
သာပေါင်းမြို့နယ်အတွင်း သဘာဝဘေး ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးသီးနှံ (၁၈၅)ဧက ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ပေးအပ်
Aug 26,2020
သာပေါင်းမြို့နယ်အတွင်း သဘာဝဘေး ရေကြီးနစ်မြုပ်မှု့ကြောင့် မိုးစပါးသီးနှံ(၁၈၅)ဧက ပျက်စီးဆုံးရှုံး ခဲ့ရသည့် တောင်သူ များအတွက် တစ်ဧကလျှင် (၁ဝဝဝဝ)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို အမှတ်(၂)ရပ်ကွက်၊ ဘောလုံးကွင်းလမ်း၊ စိုက်ပျိုးရေးရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန် က ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြိုနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးသန့်ဇင်မှ မကျည်းကုန်းကုန်း ကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူ (၁၁)ဦး၏ စိုက်ပျိုးပျက်စီးဧက (၁ဝ၅)၊ ဒည်ကုန်းကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူ (၂၇)ဦး၏ စိုက်ပျိုးပျက်စီးဧက (၈ဝ)တို့အတွက် တစ်ဧက(၁ဝဝဝဝ)နှုန်းဖြင့် စုစုပေါင်း (၁၈၅ဝဝဝဝ)ကျပ်တို့အား တာဝန်ရှိသူများက အသီးသီး ပေးအပ်ထောက်ပံ့ ခဲ့ကြသည်။
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီ သိကောင်းစရာနှင့် ရှေးဦး ပြုစုခြင်း နည်းလမ်းများပို့ချ
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီ သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းနည်းလမ်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆွေးနွေး ပို့ချခဲ့ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား နိုင်ငံတော်က ထောက်ပံ့ငွေပေးအပ်
Aug 26,2020
ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဝါယာ-သာစည်လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ပင်မရေတင်ရှင်းလင်းဆောင်၌ ကျင်းပသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်စေရေး ဘီးလင်းမြို့နယ်ရှိ ဌာန ဆိုင်ရာများမှ အဖွဲ့များခွဲ၍ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
Aug 26,2020
၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲကော်မရှင် အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးနှင့်မဲဆန္ဒရှင်စာရင်းများ မှန်ကန်‌စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ကျရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ကာ အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် အာရှဖေါင်ဒေးရှင်းမှ Location Data Collection and GIS Trainingနှင့် အကြပ်အတည်းကာလအတွင်း ဆက်သွယ်ပြန်ကြားရေးသင်တန်းဖွင့်လှစ်
Aug 26,2020
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် အာရှဖေါင်ဒေးရှင်းအဖွဲ့မှကျိုက်ထိုမြို့နယ်၌ Location Data collection and Gis TrainIng နှင့် Covid အကြပ်အတည်းကာလအတွင်း ဆက်သွယ် ပြန်ကြားရေး သင်တန်းကို ယမန်နေ့ နံနက် ၉နာရီတွင် မြို့နယ် သာသနာ့ ဗိမာန်၌ ဖွင့်လှစ်ခဲ့သည်။
COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာရေး လှည်လည်နှိုးဆော်
Aug 26,2020
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မောက်မယ်မြိုးနယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာနိုင်ရန် ယမန်နေ့ ညနေ ၆ နာရီက အသိပေးနှိုးဆော်ခြင်များကို ဆောင်ရွက် ခဲ့ကြသည်။