သတင်းများ

ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့်အချိန်တွင် ခန္တီးခရိုင်အတွင်း အချက် အလက် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် တင်သွင်းသူ ၁၄၀၀၀ ကျော်ရှိ
Aug 26,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့် အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်းအတွင်းရှိ ခန္တီးမြို့နယ်နှင့်
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ “ သီးနှံအထွက်နှုန်း တိုးစေဖို့ မျိုးကောင်းမျိုးသန့် သုံးစွဲစို့  ”ခေါင်းစဉ်ဖြင့် တောင်သူလယ်သမားအစုအဖွဲ့ဆွေးနွေးပွဲကျင်းပ
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊   ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ မွန်းလွဲ  ၂နာရီက “ သီးနှံအထွက်နှုန်း တိုးစေဖို့ မျိုးကောင်းမျိုးသန့် သုံးစွဲစို့  ”ခေါင်းစဉ်ဖြင့်  တောင်သူ လယ်သမားအစုအဖွဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်မှ စပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလတွင် စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်က နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့် ဥပဒေ၊ နည်းဥပဒေများအား ကော်မတီဝင်နှင့် ပါတီဝင်များအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Aug 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့်ဥပဒေ၊ နည်းဥပဒေများအား ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင် (၁၉)အဖွဲ့အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောင်မွန်မြို့နယ်၌ အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ကြေးပေးအပ်
Aug 26,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ကြေးငွေများကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် မြို့မရပ်ကွက် (ပန်နန်းဒင်)သို့ သွားရောက် ပေးအပ်ခဲ့သည်။
 ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၁၀)ဦးအား Facility  Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် မဲပုပ်ကျေးရွာအုပ်စုကြောင်ပြာကျေး ရွာမှ (၂)ဦး၊ မုန်း(၄)ရပ်ကွက်မှ(၁)ဦး၊ မုန်း(၁)ရပ်် ကွက် မှ(၁)ဦး၊ကပ်ကျေးရပ်ကွက်မှ(၁)ဦး၊ ညောင်ပင်သာကျေးရွာမှ
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများ အား ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင်စေခြင်းများ ဆောင်ရွက်
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မ ဈေးထိပ်နှင့် မြို့လယ်ဓမ္မာရုံတို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူ များအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။
မိုင်းယန်း၌ RS & CS မိုးစပါး မျိုးစေ့ထုတ်စိုင်းခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် RS & CS မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို မိုင်းလွေကျေးရွာ အုပ်စု လောင်ကျန့်ကျေးရွာ ဆင်းဧကရီ-၃ စံပြစိုက်ကွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။