သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း အနောက်ဘက်၊ ယခင်ပြိုင်ကားဝင်း အတွင်းဘက်၊ လူ‌နေထိုင်ခြင်းမရှိ ပိတ်သိမ်းထား‌ စားသောက်ဆိုင်အတွင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ်(၃)စီး ဖြင့် Level-1 မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
ဖားကန့် တော်ဝင် ဆီပန့်ဆိုင်၌ မီးလောင်/မီးလန့်မှုဖြစ်ပွား
Aug 25,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ဆိုင်းဘုတ်အနီး မော်ဝမ်းရပ်ကွက်(၈)ရှိ တော်ဝင် စက်သုံးဆီပန့်ဆိုင်၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဆီပန့်ဆိုင်အနောက်ဘက် ဆီလှောင်ကန်ထဲသို့ ဆီဖြည့်စဉ် ဆီလှောင်ကန်၌ မီးထတောက်ပြီး မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင်များ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေး
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၌ ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်များ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ယနေ့မွန်းလွဲ (၂)နာရီအချိန်က ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 25,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အလျင်လိုကျေးရွာတွင် ဝက်များတွင်အဖြစ်များသည့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် အဆိုပါကျေးရွာစာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် ၂၀၂၀−၂၀၂၁ လုပ်ငန်းရာသီအတွက် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေးပြင်ဆင် ရောင်းချအခမ်းအနား ကျင်းပ
Aug 25,2020
ပဲခူးတိုင်းဒေသကြီး ၊ဒိုက်ဦးမြို့နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ၊ငါးလုပ်ငန်း ဦးစီး ဌာန တွင်
ဒိုက်ဦးမြို့နယ်တွင် စပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေ ပေးအပ်
Aug 25,2020
စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဒိုက်ဦးမြို့နယ်၏ ကိုဗစ်−၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉:၃၀) နာရီက မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်၊ ဌာနဆိုင်ရာ အကြီးအကဲများ မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ တက်ရောက်ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အထက် မြစ်ကူးတံတားကြီးများအနက် လက်ရှိအစိုးရလက်ထက် ၁၅ စင်းမြောက် ပုသိမ်တံတားအမှတ် (၂) ရာနှုန်းပြည့်ပြီးစီး
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ အမှတ်(၂) တံတားသစ်ကြီးအား ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ ရပ်ကွက်(၉)၊ (၁၀) ရပ်ကွက်များသို့ ဆက်သွယ် ပေးထားသည့် တံတားတစ်စင်းဖြစ်သည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးနှင့် မြို့အဝင်/ထွက်နေရာများတွင် Mask များ ဖြန့်ဝေ
Aug 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးပတ်ဝန်းကျင်နှင့် မြို့အဝင်/ထွက်နေရာများတွင် Mask များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။