မကွေးတိုင်းဒေသကြီး သရက်မြို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများ အား ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင်စေခြင်းများ ဆောင်ရွက်

သရက် ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မ ဈေးထိပ်နှင့် မြို့လယ်ဓမ္မာရုံတို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူ များအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။

သရက်မြို့နယ်တွင် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား စစ်ဆေး ကာ  မြို့နယ်ကိုဗစ်-၁၉   ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများပူးပေါင်းအဖွဲ့မှ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော် ယာဉ်များနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/ မရှိရပ်တန့် စစ်ဆေးကာ နှာခေါင်း စည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်းတစ်ခုလျှင် ငွေကျပ်တစ်ထောင် နှုန်းဖြင့် တစ်ဉီးလျှင် နှာခေါင်း စည်း Mask(၁)ခုရောင်းချပြီး (Mask) တပ်ဆင်စဉ်နည်းလမ်းမှန်ကန် စေရေး လက်တွေ့ပြသ၍ တပ်ဆင် စေခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)