မိုင်းယန်း၌ RS & CS မိုးစပါး မျိုးစေ့ထုတ်စိုင်းခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း      ဩဂုတ်    ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် RS & CS မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို မိုင်းလွေကျေးရွာ အုပ်စု လောင်ကျန့်ကျေးရွာ  ဆင်းဧကရီ-၃ စံပြစိုက်ကွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်တင်နှင့် တာဝန်ရှိဝန်ထမ်းများက မျိုးကွဲနုတ်ပယ်ခြင်း ပထအကြိမ် ဆောင်ရွက်ခြင်းကို တောင်သူဦးအိုက်ပြန့်နှင့် ဦးအိုက်ဆမ်တို့၏  စံပြစိုက်ကွက်တွင် ဒေသခံတောင်သူလယ်သမားများ အား  လက်တွေ့အသိပညာပေး ကွင်းဆင်းပြသခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကာလ စီးပွားရေးကုစားမှု အစီစဉ်(CERP)ဖြင့် ဆောင်ရွက်သော  မျိုးစေ့ထုတ် စံပြစိုက်ခင်းများမှ စီးပွားဖြစ် မျိုးကောင်း မျိုးသန့်များရရှိ‌ကာ တောင်သူလယ်သမားများထံ ဆက်လက် ဖြန့်ဖြူးနိုင်ရေးအတွက် ရည်ရွယ်၍ မိုင်းလွေ ကျေးရွာအုပ်စု လောင်ကျန့်ကျေးရွာတွင်ဆင်း ဧကရီ - ၃ စံပြ စိုက်ကွက် (၂၅)ဧက နှင့် ယန်းခိုင်ကျေးရွာတွင် (၂၅)ဧက စုစုပေါင်း ဧက (၅၀) ကို စံပြစိုက်ပျိုး‌ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)