သတင်းများ

နမ့်ခမ်းမြို့နယ်မှ စပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလတွင် စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်က နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့် ဥပဒေ၊ နည်းဥပဒေများအား ကော်မတီဝင်နှင့် ပါတီဝင်များအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Aug 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့်ဥပဒေ၊ နည်းဥပဒေများအား ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင် (၁၉)အဖွဲ့အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောင်မွန်မြို့နယ်၌ အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ကြေးပေးအပ်
Aug 26,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ကြေးငွေများကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် မြို့မရပ်ကွက် (ပန်နန်းဒင်)သို့ သွားရောက် ပေးအပ်ခဲ့သည်။
 ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၁၀)ဦးအား Facility  Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် မဲပုပ်ကျေးရွာအုပ်စုကြောင်ပြာကျေး ရွာမှ (၂)ဦး၊ မုန်း(၄)ရပ်ကွက်မှ(၁)ဦး၊ မုန်း(၁)ရပ်် ကွက် မှ(၁)ဦး၊ကပ်ကျေးရပ်ကွက်မှ(၁)ဦး၊ ညောင်ပင်သာကျေးရွာမှ
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများ အား ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင်စေခြင်းများ ဆောင်ရွက်
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မ ဈေးထိပ်နှင့် မြို့လယ်ဓမ္မာရုံတို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူ များအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။
မိုင်းယန်း၌ RS & CS မိုးစပါး မျိုးစေ့ထုတ်စိုင်းခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် RS & CS မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို မိုင်းလွေကျေးရွာ အုပ်စု လောင်ကျန့်ကျေးရွာ ဆင်းဧကရီ-၃ စံပြစိုက်ကွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကန်ပက်လက်မြို့နယ်၌ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုဆောင်ရွက်
Aug 26,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သြဂုတ်လအတွင်း လှုပ်ရှား ဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် မြို့တွင်းရှိ စားသောက်ကုန် အရောင်း ဆိုင်များအား အိုင်အိုဒင်းဆား စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။
ချောက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခန်းများ နေ့စဉ်လေ့ကျင့် သင်ကြားပေး
Aug 26,2020
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ ချောက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ် ဦးစီးမှူးဦးသိန်းဇော်၀င်း၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခန်းများကို ယနေ့နံနက် ၇ နာရီအချိန် က လေ့ကျင့် သင်ကြားခြင်း ဆောင်ရွက်ခဲ့သည်။