ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးပြုလုပ်

ဟုမ္မလင်း ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန် ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဖြည့်စွက်ဆွေးနွေးသည်။ အဆိုပါ အစည်းအဝေးတွင် ယခုအချိန် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ လူဦးရေ တိုးလာသဖြင့် မြို့ဝင်/ အထွက်ဂိတ်အားလုံး ပြန်ဖွင့်လှစ်သွားရန်အစီအစဉ်များ ဆွေးနွေးသည်။

ဆက်လက်ပြီး မြို့ပေါ်တွင် Quarantine စခန်းထားရှိမည့်နေရာ သတ်မှတ်ခြင်း၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အထက်တန်းကျောင်းများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ် ထားသော စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချန်လော ( ပြန်/ဆက် )