မြိတ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မြိတ် သြဂုတ် ၂၆

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငွေဝင်းက ပထမအကြိမ်မဲစာရင်း ကပ်ထား ကြေညာချက်များမှရရှိသော ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄-(ဂ) တို့ကို ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမည့် အချိန်တွင် အချိန်မီပြီးစီးကပ်ထားကြေညာပေးနိုင်ရေးနှင့် မြေပြင်ရှိမဲရုံများ ကွင်းဆင်းစစ်ဆေးမှုများ၏ လိုအပ် ချက်များကိုပြောကြားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။

ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)