မြိတ်မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေးကွင်းဆင်းစစ်ဆေး

မြိတ် ဩဂုတ် ၂၆

မြိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင်ရာ ရောက်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများကို ပူးပေါင်း၍ အဖွဲ့ (၈) ဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအားလုံး မဲစာရင်းတွင်အမည်စာရင်းပါရှိရေးနှင့် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါဝါခိုင်(မြိတ်ခရိုင်ပြန်/ဆက်)