ဟားခါး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP) အစီအစဉ် အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ

ဟားခါး သြဂုတ် ၂၈

ကိုဗစ်-၁၉ ​ရောဂါဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP)အစီအစဉ်အရ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် ဟားခါးမြို့၊ မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများ၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဦးကြည်လှိုင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးငင့်ဇဘွင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် မြို့နယ်လယ်ယာစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ထောက်ပံ့ပေးအပ်မည့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP) အစီအစဉ်အရ (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ရာ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ မိုးစပါးမျိုးစေ့ထုတ် တောင်သူများက လက်ခံခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားတွင် ဟားခါးမြို့နယ်အတွင်းရှိ ကျင်ခွားကျေးရွာနှင့် ချွန်ကျုံးကျေးရွာမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၂၀)ဦးအတွက် တစ်ဧကလျှင် ထောက်ပံ့ ငွေကျပ်(၁၄၈၅၀၀)နှုန်းဖြင့် ဧက(၂၀)အတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် (၂၉၇၀၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)