အိမ်မဲ သြဂုတ် ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံ မိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၀င်များအား သင်တန်းများဖွင့်လှစ်ပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်၀င်းက မြို့နယ်၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမှုနှင့် မဲဆန္ ဒရှင်စာရင်း စီစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုများနှင့် အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၀င်များအား သင်တန်းများ ဖွင့်လှစ်ပို့ချ နိုင်ရေး လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၀င်များမှ လုပ်ငန်း ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၀င်သင်တန်းသား (၇၀၉)ဦးအား အ.ထ.က သရက်ကုန်းစုရပ်၊ အ.ထ.က လူကောင်း ကျွန်းစုရပ်၊ အ.ထ.က ရွာသစ်စုရပ်နှင့် အ.ထ.က(၂)အိမ်မဲစုရပ်များဖြင့် နယ် မြေ(၄)ခုတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)