ရိခေါ်ဒါရ်မြို့၌ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား စက်တင်ဘာ ၂ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်

ရိခေါ်ဒါရ်  သြဂုတ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်လုပ်ငန်း သုံးမျိုးအား သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့ပြီးဖြစ်ပါသော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၆ ရက်အစား စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီအချိန်သို့ တတိယအကြိမ် လေလံရောင်းချမည့် သတ်မှတ်ရက် ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်၌ အမဲသားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၅၀၃၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၂၅၁၅၀၀၀/-)၊ ဝက်သားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၇၁၆၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၈၅၈၀၀၀၀/-)နှင့် မြို့ဝင်ဘီးကောက် လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၂၀၁၂၅၀၀/-(စားပွဲတင်အာမခံကြေး- ၆၀၀၆၂၅၀/-)တို့ဖြစ်ကြောင်း သိရသည်။

အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက် ကြော်ငြာစာများကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊  စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ အမှတ်()နှင့် အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာပြဘုတ်များတွင် ကပ်ထားကြော်ငြာထားပြီး ၎င်းလုပ်ငန်းလိုင်စင်ကိစ္စ အသေးစိတ်သိရှိလိုပါက ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးရုံး၊ ဖုန်းအမှတ်-၀၉၄၀၀၃၁၁၇၅၅ နှင့် ၀၉၆၇၇၀၄၄၂၈၉ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)