ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှုမရှိစေရန် ဈေးများတွင် နှာခေါင်းစည်း(Mask) တပ်ဆင်၍ ဈေးရောင်းဝယ်ရေး လိုက်လံစစ်ဆေး အသိပညာပေး

ညောင်တုန်း  ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ်အတွင်းရှိ မြို့မဈေးကြီး၊ ()လမ်းဈေး၊ တာကွေ့ဈေးနှင့် ဆားမလောက်ဈေးတို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်၍ ဈေးရောင်းဝယ်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်း တို့ကို မန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေး၊ မြို့နယ် ကျန်းမာရေးအဖွဲ့၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့မှ ဈေးများတွင် ရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ် လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်၍ ဈေးရောင်းဝယ်ရေးတို့အား အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)