ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့နံနက် ၈ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့တွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခဲ့ကြသည်။
ကျောက်ပန်းတေင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ရုပ်/သံကျွမ်းကျင်(၃) ဒေါ်သဲဖြူတို့သည့် ဝေနေယျပစ္စယပရဟိတအသင်းပိုင်ယာဉ်ဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် ပြည်သူသို့အသိပေးကြေညာချက်များအား၊ မြို့ပေါ်ရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် မြို့လည်မိန်းလမ်းကြီးနှင့် မြို့ပတ်လမ်းများ၊ မြို့မစည်ပင်သာယာဈေးကြီးဝန်းကျင်နှင့် တမ္ပဝတီဈေးသစ်ဝန်းကျင်တို့တွင်လည်းကောင်း၊ ရပ်ကွက်လမ်းများတွင်လည်းကောင်းလှည့်လည်၍ အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် မဖြစ်မနေအပြင်သို့သွားရောက်ရသည့်အခါတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်သွားရောက်ရန်၊ ဈေးများတွင် ဈေးသည်/ဈေးဝယ်များအနေဖြင့် နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်၊ လူစုလူဝေးဖြစ်ပေါ်စေသည့် ရုပ်ရှင်/ဂီတ၊ ပွဲလမ်းသဘင်များနှင့်တရားပွဲများ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများ ခေတ္တယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ မြို့နယ်/ရပ်ကွက်များအတွင်း ပြည်ပနိုင်ငံများက ပြန်လာသူများအားလုံး Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ထားရှိဆောင်ရွက်သွားရန်၊ နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီ အတွင်းညမထွက်ရအမိန့်ကို ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်သူ များအနေဖြင့် COVID-19 ထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့်မှတ်ယူ၍ တားမြစ်ကန့်သတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်သွားကြရန်တို့ပါရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)