သတင်းများ

မင်းဘူးမြို့တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးအပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွား
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ ည ၇ နာရီခွဲအချိန်က မင်းဘူး-အမ်းကားလမ်းမပေါ်တွင် သစ်ပင်ပြိုလဲခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မိုင်းဆတ်မြို့သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲကျင်းပ
Aug 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ က သဗ္ဗညုဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
သရက်မြို့၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ
Aug 28,2020
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၀)နာရီက မော်လမြိုင်မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးခြင်းဖြင့် Mask များ ဖြန့်ဝေတပ်ဆင်ပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 28,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်းအလေ့အထရှိခြင်းဖြင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ဩဂုတ် ၂၄ ရက်မှစတင်၍ ယနေ့ထိ ပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။
ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားရေး ပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးလက်ကမ်းစာစောင်၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ရမည်းသင်းခရိုင်နှင့် မြို့နယ် အမျိုးသမီးကော်မတီက ရွှေဒါးကျေးလက်ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ဖြန့်ဝေပေးသည်။
ကျိုင်းတောင်းမြို့၌ (CERP) အစီအစဉ်အရ စီးပွားရေးပြန်လည်ကုစားမှု ထောက်ပံ့ငွေပေးအပ်ခြင်း ကျင်းပ
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ Economic Relief Plan (CERP) အစီအစဉ်အရ စီးပွားရေး ပြန်လည်ကုစားမှုအနေဖြင့် မျိုးစေ့ထုတ်တောင်သူ (၅)ဦး၏ စုစုပေါင်းလယ်ဧက (၁၅)ဧကအတွက် မျိုးစေ့များနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြစေရန် နှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမရှိရေးအတွက် ကြိုတင် တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် ကျောက်ဂူဈေးအတွင်းရှိ စျေးရောင်း/စျေးဝယ်များအား ယမန်နေ့ နံနက်ပိုင်းက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် အသုံးပြုကြစေရန်နှင့် အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။