သတင်းများ

ကျောက်မဲမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ နယ်မြေ (၁၁)၊ ရွှေညောင်ပင် လမ်းကြားရှိ ဦးလင်းနောင်နေအိမ်သည် ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင် ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူလူထုနှင့် ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီးဖြင့် အချိန်မီလာရောက်မီးငြိမ်းသတ်ခဲ့ခြင်းကြောင့် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။
မုဒုံမြို့နယ်တွင် 2019 Novel Corona Virus အဆုတ်ရောင် ရောဂါကူးစက်ခြင်းနှင့် ပတ်သက်၍ ကာကွယ် တားဆီးရေး လုပ်ငန်းအသိပညာပေးဟောပြောပွဲပြုလုပ်
Feb 25,2020
ကျန်းမာရေးဦးစီးဌာန၊ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ 2019 Novel Corona Virus အဆုတ်ရောင် ရောဂါကူးစက်ခြင်းနှင့် ပတ်သက်၍ ကာကွယ် တားဆီးရေး လုပ်ငန်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာန(ခွဲ)၊ စိုက်ကွက်အမှတ်(၃)တွင်ပြုလုပ်သည်။
အိမ်မဲမြို့နယ်တွင် Hi Jack မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ကျိုက်ပိကျေးရွာ လမ်းခွဲအနီး၌ ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်က HiJack မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၊ မြို့မ‌‌ဈေးအတွင်း စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက် ဌာနများနှင့် ပူးပေါင်း၍ မင်းဘူးမြို့ မြို့မဈေးအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ကြန်ကာလတွင် နိုင်ငံခြားသားများ လာရောက်လည်ပတ်သော နေရာတစ်ခုအဖြစ် Night market တစ်ခု ဖန်တီးသွားမည်
Feb 25,2020
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်ကာလ ညပိုင်းတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်လာစေရန် ၃၈လမ်း၊ ၇၃လမ်းနှင့် ၇၈လမ်းကြားတွင် Night market တစ်ခု ဖန်တီးသွားရန် စီစဉ်ထားကြောင်း သိရသည်။
မြန်အောင်ပြည်သူ့ဆေးရုံတွင် Township Health Working Group Meeting ကျင်းပ
Feb 25,2020
မြန်အောင်မြို့နယ် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းအဝေး ( Township Health Working Group Meeting)ကို ယနေ့ နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ (၃)ထပ် အဆောင်သစ်တွင် ကျင်းပပြု လုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ‌ဒေါက်တာအောင်ဝင်းနှင့်မြန်အောင် ပြည်သူ့ဆေးရုံ အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Essential Health Project မြို့နယ်ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။
မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းခါးကုန်းကျေးရွာဖွံ့ဖြိုးရေး ဂန့်ဂါး မြေသားလမ်း၏ ၂ မိုင်ခန့်အား ဖောက်လုပ်ဆောင်ရွက်လျက်ရှိ
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းခါးကုန်း ကျေးရွာ ဖွံ့ဖြိုးရေး ဂန့်ဂါးမြေသားလမ်း ၂ မိုင်ခန့်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မျှဝေခြင်း အစီအစဉ် ဖြင့် သဖန်းခါးကုန်း ကျောင်းဆရာတော်ဘဒ္ဒန္တစာရိန္ဒမှ ဦးဆောင်ကြီးကြပ်၍ ဖောက်လုပ်လျက် ရှိကြောင်းသိရသည်။
မိုးနဲမြို့ ကွန်နားကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန်တည်ဆောက်
Feb 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူများ နွေရာသီရေးရှားပါမှု မရှိစေရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန် တည်ဆောက်ပေးခြင်းကို ရွှေမိုးနဲဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်‌ပေးလျက် ရှိကြောင်း သိရသည်။