ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

လားရှိုး  ဩဂုတ် ၃၁

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံ နယ်စပ်ဂိတ် များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ()ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်( ၃၁ )ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၁၃)ဦး အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၂၈)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ် ပြန်ပြည်သူ(၂၈)ဦးတို့တွင် ကချင်ပြည်နယ်မှ()ဦး၊  စစ်ကိုင်းတိုင်းဒေသကြီးမှ ()ဦး ပဲခူးတိုင်းဒေသကြီး မှ ()ဦး မကွေးတိုင်းဒေသကြီးမှ ()ဦး၊  မန္တလေးတိုင်းဒေသကြီး မှ()ဦး ရခိုင်ပြည်နယ်မှ()ဦး ရန်ကုန် တိုင်းဒေသကြီးမှ ()ဦး တို့ ဖြစ်ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ()ရက်နေ့မှ  ဩဂုတ်လ(၃၁)ရက်နေ့အထိ နေရပ်ပြန် ပြည်သူအမျိုးသား  (၉၅၆၅)ဦး အမျိုးသမီး(၆၀၀၉)ဦး စုစုပေါင်း (၁၅၅၇၄)ဦး တို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။

နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)