စမ်းချောင်း သြဂုတ် ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများဖြစ်သည့် ကျွန်းတော စျေးနှင့် ရှမ်းလမ်းစျေး(ဂွစျေး) အတွင်း ရောင်းချနေသောစျေးသည်များ ယခုကာလအတွင်း ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ရောင်းချနေမှု ရှိ၊ မရှိကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရန်ကုန် အနောက်ပိုင်း ခရိုင် စည်ပင် သာယာရေးကော်မတီဝင် ပါဝင်သော အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် အနောက်ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင် ဦးမင်းဟန်၊ စမ်းချောင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးပုည၊ စမ်းချောင်းမြို့နယ်စည်ပင်မှ တာဝန်ရှိ သူများ၊ စျေးတာဝန်ခံများနှင့် အဖွဲ့ဝင်များက လှည့်လည် စစ်ဆေးခဲ့ကြပြီး နှာခေါင်းစည်း(mask)များ၊ လက်အိပ်များ၊ မျက်နှာကာများ၊ စနစ်တကျတပ်ဆင်ရောင်းဝယ်ကြရန် မှာကြားခဲ့ပြီး နှာခေါင်းစည်း (mask)များကို ဝေငှပေးခဲ့ကြကြောင်း သိရှိရ သည်။
ခင်ချောစုဝင်း(ပြန်/ဆက်)