နောင်တရားမြို့အဝင်၌ နှာခေါင်းစည်းတပ်ဆင်မှု မရှိသူများအား အသိပညာပေးခြင်းလုပ်ငန်း နေ့စဉ်ဆောင်ရွက်

နောင်တရား   ဩဂုတ်         ၃၁

COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၌ နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့် ပြည်သူများအား အပြင်သွားတိုင်း နှာခေါင်းစည်းအသုံးပြုစေခြင်း ပညာပေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်နေကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဩဂုတ်လ ၂၄ ရက်နေ့မှစတင်၌ နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်းတပ်ဆင်မှုမရှိသည့် ပြည်သူများအား Mask တစ်ခုလျှင် (၂၀၀) ကျပ်ဖြင့် ယခုဝယ် ယခုတပ်ဆင်စေခြင်း အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။  

အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)