မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများ ထုတ်ပြန်ကြေညာ

စေတုတ္တရာ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်ကြမည့် လွှတ်တော်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြေညာထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြေညာထားချက်အရ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင် ကြမည့် ပါတီ(၄)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးနှင့် တစ်သီးပုဂ္ဂလ(၂)ဦး စုစုပေါင်း(၆)ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၆)ခုမှ လွှတ်တော် ကိုယ်စားလှယ် လောင်း(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၅)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးနှင့် တစ်သီးပုဂ္ဂလ (၂)ဦး စုစုပေါင်း(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၅)ခုမှ လွှတ်တော်ကိုယ်စား လှယ်လောင်း(၅)ဦးနှင့် တစ်သီးပုဂ္ဂလ (၁)ဦး စုစုပေါင်း(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ချင်းတိုင်းရင်းသားလူမျိုး)မှ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၁)ဦးတို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံ ကြမည် ဖြစ်ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)