တန့်ယန်း သြဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမိသားစုထဲမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇)ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး လက်ထောက်ဆရာဝန် ဆရာမများနှင့်အတူ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် လေးဘာသာဂုဏ်ထူး ရရှိသူ တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ တစ်ဦး အပါအဝင် ကျောင်းသား၊ ကျောင်းသူ (၇)ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေတို့ကို ပေးအပ်ခဲ့ ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)