ပင်လောင်းမြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီး ပြည်သူများ သွားလာရေး အဆင်ပြေ

ပင်လောင်း      ဩဂုတ်    ၃၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း Cash for Work  စီမံကိန်းဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက် ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆီဆုံကုန်းကြီး ကျေးရွာ ကျေးရွာအတွင်း မြေသားလမ်းပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ(၁၆၂)အိမ်၊ အိမ်ထောင်စု(၁၆၄)စု၊ လူဦးရေ(၆၇၈)ဦးရှိရာ ယခင်က ကျေးရွာ အတွင်း လမ်းသည် သွားလာရန်အလွန်ခက်ခဲခြင်းကြောင့် ကျေးရွာပြည်သူလူထုများ ကိုယ်တိုင် တာဝန် ယူ ကြီးကြပ် မှုဖြင့် လမ်းအရှည်ပေ(၆၂၀၀)ပေအား စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်(၁၀.၀၀)သန်းဖြင့် အကုန်ကျခံ ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ခြင်းကြောင့် ပြည်သူများ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ကိစ္စများဖြင့် သွားလာရေး အဆင်ပြေသည့်အပြင် ကုန်စည်စီးဆင်းမှုအတွက် များစွာအကျိုးပြုလျက် ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)