မျိုးစပါးများအား ဆားရည်စိမ်နည်း လက်တွေ့ သရုပ်ပြသ

ကျိုင်းတောင်း သြဂုတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် ကျိုင်းတောင်းမြို့တွင် မျိုးစပါးများအား ဆားရည် စိမ်နည်း သရုပ်ပြသမှုကို ယနေ့ နံနက်(၁၁)နာရီအချိန်တွင်  စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်း ပဆောင်ရွက်ခဲ့သည်။

ထိုသို့သရုပ်ပြသဆောင်ရွက်ရာတွင်  မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းတန်စိုးမှ တောင်သူ လယ်သမားများအား နည်းစနစ်မှန်ကန်စွာဖြင့် မျိုးစပါးများဆားရည်စိမ်၍ စိုက်ပျိုးနိုင်ရန်အတွက် အဆိုပါဆားရည်စိမ်နည်းကို ဆား()ပိဿာခွဲ ရေ()ဂါလံနှုန်း အချိုးအစားဖြင့် စနစ်တကျ လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မျိုးစပါးဆားရည်စိမ်ခြင်းကြောင့် ထွက်ရှိလာသော ပျိုးပင်များ ညီညာစွာ ကြီးထွား သန်မာခြင်း၊ ကောင်းမွန်သောပင်ပွားများစွာထွက်ရှိခြင်း၊ ပျိုးပင်ဘဝမှစပြီး အဆင့်တိုင်းတွင် ကျန်းမာသန်းစွမ်းနိုင်ခြင်း၊ ပန်းပွင့်ရက် ရိတ်သိမ်းရက်များ ညီညာခြင်း၊  မျိုးစေ့​ဖျက်ဆီးသည့် ဘက်တီးရီးယားများအား ကာကွယ်နိုင်ခြင်း စသောအကျိုးရလဒ်များ ရရှိနိုင်ကြောင်း သိရသည်။

ကျိုင်းတောင်း (ပြန်/ဆက်)