လွိုင်လင် ဩဂုတ် ၃၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လွိုင်လင်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း များကို ယမန်နေ့က လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်သတ်မှတ်ပုံစံ(၁၀)ဖြင့် ကြေညာပေးထား ကြောင်း သိရသည်။
လွိုင်လင်ခရိုင်အတွင်း၌ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၇)ဦး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၃၉)ဦး၊ ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ ၊ ၂ ) တွင်လွှတ်တော်ကိုယ်စားလှယ်လောင်း(၈၄)ဦး ဖြစ်ကြောင်းနှင့် ပါတီပေါင်း(၁၁)ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၁၃၀)ဦး ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အရာရှိ ဦးသိန်းနိုင်ထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)