ပေါက်ခေါင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က) များ စတင်ကြေညာ

ပေါက်ခေါင်း ဩဂုတ် ၃၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပေါက်ခေါင်းမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ် လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ကြေညာရာတွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ပါဝင်ယှဉ်ပြိုင် ကြမည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)၊ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို အများပြည်သူသိရှိနိုင်ရန် ကပ်ထားကြေညာ ပေးလျက် ရှိရာ ပါတီ အသီးသီးမှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်နေရာတွင်(၅)ဦး၊ ပြည်သူ့လွှတ်တော်တွင်(၅)ဦး၊ တိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ်(၁)နေရာတွင် (၄)ဦးနှင့် အမှတ်(၂)နေရာတွင် (၆)ဦး၊ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းသူ() ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)