မော်လမြိုင် ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံစာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ဖေဖော်ဝါရီ ၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ အပြင် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေကြမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းအတွင်း ပတ်ဝန်းကျင်သာယာလှပရေးနှင့် သန့်ရှင်း၍စိမ်းလမ်းစိုပြေသော စာသင်ကျောင်း ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ အခြေခံပညာစာသင်ကျောင်းများ သန့်ရှင်းသပ်ရပ်ပြီး ဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်၊ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲစဥ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီတာ (၄၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲအား မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ ပြိုင်ပွဲဝင်အားကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မီတာ (၁၀၀)၊ (၂၀၀) ၊ (၃၀၀) အပေးပြိုင်ပွဲများ တွင် ဆုရရှိခဲ့ကြည့် ပြိုင်ပွဲဝင် အားကစားသမားများအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ပညာရေးမှူး၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)မှ ဒုတိယပါမောက္ခချုပ်၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်တို့မှ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အမျိုးသား၊ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ အားကစား ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အကောင်းဆုံး အားကစားဆုများရရှိခဲ့ကြသူများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ဆရာအတတ်ပညာသင်တန်း သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသူ၊ ကျောင်းသူလေးများက Fitness Dance ပြိုင်ပွဲတွင် ဆုရရှိရခဲ့ကြသည့် အသင်းများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲဝင် ထူးချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသူ၊ ကျောင်သား အားကစား၊ မောင်မယ်လေးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ မွန်ပြည်နယ် အတွင်း ပညာရေးတွင်လည်း ထူးချွန်ထက်မြက် သူများဖြစ်လာစေရေး ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန်တဲ့ နိုင်ငံ့ဂုဏ်ဆောင်ပညာတတ် အားကစားသမားကောင်းများ ဖြစ်လာစေရေးနှင့် မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးပေးဆောင်ရွက်ပေးကြရန် အစွမ်းကုန်ကြိုးစားကြ စေလိုကြေင်းဖြင့် လမ်းညွှန်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)