ပန်းတနော် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မရမ်း-ပိတောက်စု -ရုံးချောင်း-ကျုံသနောင်-ကျုံသမျှင် ကျေးရွာချင်းဆက်လမ်း အား Soil Stabilization Method ဖြင့်အကောင်အထည် ဖော်ဆောင်လျက်ရှိသည့်လုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာန နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ်မှ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာချင်းဆက်လမ်းအား အရည်အသွေးကောင်းမွန်သော လမ်းတစ်လမ်းဖြစ်စေရေးနှင့်အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၄င်းကျေးရွာချင်းဆက်လမ်းအတွင်း လိုအပ်လျက်ရှိသည့် တံတားနှင့်ရေထုတ်ပြွန်များအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ရာ မအူပင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ပန်းတနော်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)(တာဝန်) နှင့် QC အဖွဲ့များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည့်နေရာများတွင် ရေထုတ်ပြွန်များအား တစ်ပါတည်းထည့်သွင်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)