တန့်ဆည်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ဆဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေးပေး

တန့်ဆည်   စက်တင်ဘာ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်း၍ ဆဋ္ဌမအကြိမ် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆံဆွဲအုပ်စု၊ ရေရှင်ကုန်းကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဇင် က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ၊ ချေးငွေဖြင့် လုပ်ကိုင် ဆောင်ရွက်ရမည့်လုပ်ငန်း၊ အလုပ်အကိုင်များ၊ ဒေသခံပြည်သူများအတွက် တစ်နိုင်တစ်ပိုင် စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါကျေးရွာတွင် အိမ်ထောင်စု(၈၅)စု၊ လူဦးရေ (၃၉၁) ဦးရှိပြီး ဆဋ္ဌမအကြိမ် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးအရင်း လည်ပတ်ရန်ပုံငွေကျပ်သိန်းပေါင်း(၅၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှကြီးကြပ်၍ ကျေးရွာ ကော်မတီဝင်များက  ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)