ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၉)ဦးအား Facility Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်

ကျောက်ကြီး စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာမှ (၁)ဦး၊ သောင်လယ်ကျေးရွာမှ (၃)ဦး၊ မုန်းဒေသမှ(၁)ဦး၊ ညောင်ပင်သာကျေးရွာမှ (၁)ဦး၊ မွေတွင်းကျေးရွာမှ(၁)ဦး၊ မိချောင်းခေါင်း ကျေးရွာမှ (၂)ဦး၊ စုစုပေါင်းနေရပ်ပြန်(၉)ဦးတို့သည် ထိုင်းနိုင်ငံရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ခြံလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ် သို့ ပြန်လာရာ ယမန်နေ့ ညနေ(၄)နာရီ တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များက ပဲနွယ်ကုန်းမြို့တွင် သွားရောက် ခေါ်ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံမှ ကျောက်ကြီးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန်(၉)ဦးအား ကျောက်ကြီး မြို့ ကသစ်ဝိုင် ဓမ္မရိပ်သာ၊ မုန်းကျေးရွာပြည်သူ့ခန်းမနှင့် ညောင်ပင်သာရွာလယ်ဘုန်းတော်ကြီး ကျောင်းတိုက်၊ မွေတွင်းကျေးရွာ ခန်းမစခန်းများတွင် ဖွင့်လှစ်ထားသည့်  Facility Quarantine ၌ ယနေ့မှှ စတင်၍ (၂၂−၉ −၂၀ ၂၀) ရက်နေ့အထိ Facility Quarantine ဝင်ရောက် နေပါကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နေထိုင်စားသောက်ရေးများကို ဂရုစိုက်ဆောင်ရွက် ပေးထားပါကြောင်း သိရ သည်။

K ခိုင် ပြန်/ဆက်