ပန်လုံ စက်တင်ဘာ ၂
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ပန်လုံမြို့ မုန်းကွန်ကျေးရွာတွင် COVID စီးပွား ရေး ကုစားမှုအစီအစဉ်(COVID-19 Economic Relife Plan ) အရ စပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉နာရီ၃၀ မိနစ်အချိန်က မုန်းကွန်ကျေးရွာ ဧည့်ခံရေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းမှ စပါးမျိုးစေ့ထုတ်တောင်သူများနှင့် တက်ရောက်လာသော တောင်သူများအား စပါးမျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ်ထောက်ပံ့ငွေပေး
အပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသန်းဇော်မိုးက စပါးမျိုးခွဲခြင်း နည်းစနစ်အား လိုက်နာဆောင်ရွက်ပါက စပါးအထွက်နှုန်းကောင်းမွန်ပြီး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်မိုးနှင့် တာဝန်ရှိသူများက စပါးမျိုးစေ့ထုတ်တောင်သူ(၇)ဦး၏ လယ်ဧက (၁၀)ဧကကို တစ်ဧကလျှင် (၈၃၅၀၀)/ နှုန်းဖြင့် ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများအား မျိုးစပါးခွဲခြင်းနှင့် စပါးမျိုးစေ့ထုတ်ခြောက်တန်း တစ်တန်းအလိုက် စိုက်ပျိုးသည့်နည်းစနစ်များအား လက်တွေ့ကွင်းဆင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
ပန်လုံ ပြန်/ဆက်