မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အုန်းတောတံတား ၇၅ ရာခိုင် နှုန်းခန့်ပြီးစီး

တောင်တွင်းကြီး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီးပိုလျှံရန်ပုံငွေဖြင့် အုန်းတော တံတားအား အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စက်စက်ယိုချောင်းကူးတံတားဖြစ်သည့် အဆိုပါအုန်းတောတံတားမှာ အရှည် ၂၁ ပေ၊ အကျယ် ၂၆ ပေ၊ ရေလမ်းအကျယ် ၁၆ ပေ ဖြစ်ကာ သံမဏိသံပေါင် ယက်မ၊ RC ကွန်ကရစ် ကြမ်းခင်း အမျိုးအစားဖြစ်ပြီး တံတားခံနိုင်၀န် တန် ၆၀ ဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၏ မြို့ရှောင်လမ်းသဖွယ်အသုံးပြုလျက်ရှိသည့် အုန်းတောတံတားကို ၁၉၇၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၄၀ ခန့်ကြာမြင့်ပြီဖြစ်ကာ တံတား၏ခံနိုင်၀န်အား လျော့နည်းလာသည့် အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြားကာလများတွင် ယာယီပြင်ဆင်မှုများကိုသာ ဆောင်ရွက်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီးပိုလျှံရန်ပုံငွေ ကျပ်သိန်း ၂၄၀ ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်းနှင့် ယနေ့အထိ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)