ကော့ကရိတ်မြို့တွင် ပြည်ပမှပြန်လည်ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများကို မိမိတို့နေထိုင်ရာ ရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေး

ကော့ကရိတ် စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြည်ပမှနေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ သြဂုတ်လ (၃၁) ရက်​နေ့နှင့် (၃၀) ရက်​နေ့ ညနေ (၄) နာရီချိန်က ဘားအံမြို့ စောင့်ကြည့်ရေးစခန်းမှ တစ်ဆင့်နေရပ်ပြန်ပြည်သူ (၅၂) ဦး ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများသည် ကော့ကရိတ်မြို့မှ (၄၈) ဦး၊ ကြာအင်းဆိပ်ကြီးမြို့မှ (၄) ဦး၊ စုစုပေါင်း (၅၂) ဦးဖြစ်ပြီးဘားအံမြို့တွင် Quarantine ဝင်ရောက်ပြီး ကျန်းမာရေးဆေးစစ်ချက်ခံယူ Negative ရရှိထားသူများ ဖြစ်သည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသောပြည်သူများကို ကော့ကရိတ်မြို့ မြို့မအားကစားကွင်းတွင် စုရပ်ထားရှိကာ ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာမှတာဝန်ရှိသူများက မိမိတို့နေထိုင်သည့် သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်ပို့ဆောင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုး၀င်း(ခရိုင်ပြန်ဆက်)