မရမ်းကုန်း စက်တင်ဘာ ၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းတွင် အသုံးပြုနိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်း၌ ရေဂါလံ ၄၀၀ခန့်ဆံ့သည့် ရေတိုင်ကီ တစ်လုံး လှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေတိုင်ကီအား ရွှေစင်စင်္ကြာမော်တော်ယာဉ်လိုင်း မိသားစုမှ လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တာဝန်ခံ ကျောင်းအုပ် ဆရာမကြီး ထံသို့ လွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)