မော်လမြိုင် စက်တင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ နေ့လယ်ပိုင်း၌ သတင်းရရှိသဖြင့် COVID-19 လူနာ Case 771 ဖြင့် ထိတွေ့ခဲ့သော မုပွန်နတ်ကျွန်းရပ်မှ(၇)ဦး၊ စစ်ကဲကုန်းရပ်မှ(၇)ဦး စုစုပေါင်း(၁၄)ဦးအား CBFQ ဝင်ရောက်ရန်အတွက် လူမှုကယ်ဆယ်ရေး အဖွဲ့များက မော်လမြိုင်(၁၀)မြို့နယ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးကာ ဓာတ်ခွဲနမူနာများကို (PHL Mawlamyine) ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဘိုဘိုဝင်း Rescue လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါ COVID-19 လူနာနှင့်ထိတွေ့ခဲ့သော နေအိမ်များကို မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ ပိုးသတ်ဆေးဖြန်း၍ ကူညီခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)