ညောင်တုန်းမြို့၌ မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်

ညောင်တုန်း     စက်တင်ဘာ     ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ ပြန်လည်တင်ပြလာသော ပုံစံ (၃)၊ (၄)၊ (၄-ဂ) များအား လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် အညီ စိစစ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မဲစာရင်းစိစစ်ရေးလုပ်ငန်းအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ၅၄ အုပ်စုတို့ရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှ ပြန်လည်တင်ပြလာသော ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် လျှောက်ထားသူ (၃၇၈၄) ဦး၊ ပုံစံ (၄) ဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာ (၁၆၁၆) ဦး၊ ပုံစံ (၄-ဂ) ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၁၄၈၂) ဦးတို့အား လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှ ပြန်လည်တင်ပြလာသော ပုံစံ (၃)၊ (၄)၊ (၄-ဂ) များအား လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်အညီ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)