မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ် COVID-19 လုပ်ငန်းညှိနှုင်းအစည်းအဝေးကို မော်လမြိုင်မြို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီက ကျင်းပသည်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁ရက်နေ့အတွက် ည(၈:၀၀)နာရီ၌ အတည်ပြု လုပ်ရာ (၃၂)ဦးတွေ့ရှိမှု အခြေအနေတွင်မွန်ပြည်နယ် မော်လမြိုင်မြို့မှ အတည်ပြုလူနာ(၈)ဦး တွေ့ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကျင်းပခြင်းဖြစ်သည်ဟု ပြောကြားသည်။
မော်လမြိုင်မြို့၌ COVID-19 အတည်ပြုလူနာတွေ့ရှိသည့် မုပွန်ရပ်ကွက်၊ စစ်ကဲကုန်း ရပ်ကွက်များအား အသွားအလာကန့်သက်ကာ Stay at Homeနေထိုင်ရေး၊ စားသောက်ဆိုင်များ နှင့် လ္ဘက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခြင်းမပြုလုပ်ကြဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ နိုင်ရေး၊ မွန်ပြည်နယ်အစိုးရရုံး၊ ဝန်ကြီးများအိမ်ယာ၊ အစိုးရရုံးနှင့်ဆက်စပ်နေသော ဝန်ထမ်း အိမ်ယာများ၌ ဧည့်သည်သွားလာမှု ကန့်သတ်ထားရေး၊ ဘူတာရုံများ၊ ကားဂိတ်များအား သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ဆေးသွားနိုင်ရေး ဟိုတယ် Quarantine ထားရှိနိုင်ရေးနှင့် အိမ်အပြင်ထွက်တိုင်း Maskတပ်ဆင်ရေးတို့အား တင်းတင်းကြပ်ကြပ် ကြီးကြပ်ဆောင်ရွက် သွားခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)